ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (UNDP) ၏ နိုင်ငံဆိုင်ရာအစီအစဉ် (၂၀၁၃-၂၀၁၇) အောက်ရှိ မဏ္ဍိုင်-၁၊ ရလဒ်-၅ ဖြစ်သည့် လူမှုအသိုက်အဝန်းအတွင်း သဟဇာတဖြစ်စေရန် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအား ပံ့ပိုးကူညီခြင်းလုပ်ငန်း စီမံချက်ဆိုင်ရာ Output Board အစည်းအဝေးကျင
နေပြည်တော် စက်တင်ဘာလ ၂၀ ရက်
ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (UNDP) ၏ နိုင်ငံဆိုင်ရာအစီအစဉ် (၂၀၁၃-၂၀၁၇) အောက်ရှိ မဏ္ဍိုင်-၁၊ ရလဒ်-၅ ဖြစ်သည့် လူမှုအသိုက်အဝန်းအတွင်း သဟဇာတဖြစ်စေရန် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအား ပံ့ပိုးကူညီခြင်းလုပ်ငန်း စီမံချက်ဆိုင်ရာ Output Board အစည်းအဝေးအား (၂၀-၉-၂၀၁၆) ရက်နေ့တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
နိုင်ငံတော်သမ္မတဦးထင်ကျော် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် သင်တန်းသား၊ သင်တန်းသူများနှင့်တွေ့ဆုံ
နေပြည်တော် စက်တင်ဘာ ၁၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးထင်ကျော်သည် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် မူလတန်းဆရာအတတ်သင် (၃) နှစ်သင်တန်း အမှတ်စဉ် (၄၅) မှ သင်တန်းသား၊ သင်တန်းသူများအား ယနေ့ နံနက် (၉) နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ငုရွှေခန်းမ၌ တွေ့ဆုံ၍ သြဝါဒအမှာစကား ပြောကြားသည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် (JICA) ရုံးချုပ်မှ Senior Advisor ဖြစ်သူ Mr. Naomichi MUROOKA အား လက်ခံတွေ့ဆုံ
နေပြည်တော်၊ စက်တင်ဘာလ ၁၂ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်သည် (၁၂-၉-၂၀၁၆) ရက်နေ့နံနက် (၁၁) နာရီအချိန်တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ရုံးချုပ်မှ Senior Advisor ဖြစ်သူ Mr. Naomichi MUROOKA အား နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ ခေတ်မီမော်တာအထည်ချုပ်စက် သင်တန်းအမှတ်စဉ် (၁၄) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်
နေပြည်တော်၊ စက်တင်ဘာလ ၉ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ကြီးမှူး၍ နယ်စပ်ဒေသ ကျေးလက်နေ တိုင်းရင်းသား ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် ဖွင့်လှစ်သင်ကြားပေးခဲ့သည့် ခေတ်မီမော်တာအထည်ချုပ်စက် သင်တန်းအမှတ်စဉ် (၁၄) သင်တန်းဆင်းပွဲ အခမ်းအနားအား ယနေ့နံနက်(၀၉:၀၀)နာရီ အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ဗဟိုလေ့ကျင့်ရေး ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။