နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း(အောင်ပန်း)၌ သင်တန်းဖွင့်ပွဲကျင်းပ

နေပြည်တော်   ဇွန်  ၂၄
 နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း (အောင်ပန်း)၌ ဟိုတယ် ဝန်ဆောင်မှုဆိုင်ရာသင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားသည်။
 အဆိုပါ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းတွင် ဧည့်ကြိုသင်တန်း ၁၀ ဦး၊ အိပ်ခန်းဆောင် သင်တန်း ၁၀ ဦး၊ အစားအစာနှင့် အဖျော်ယမကာဝန်ဆောင်မှုသင်တန်း ၁၀ဦး၊  ပေါင်း ၃၀ ဦးတို့ဖြင့်၂၄-၆-၂၀၂၄ ရက်နေ့မှစ၍ စာတွေ့ ၃ လ နှင့် ဟိုတယ်များတွင် လုပ်ငန်းခွင် လက်တွေ့ (On Job Training-OJT) ၃ လကြာ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ပြီး နေထိုင်စားသောက်ရေးနှင့် သင်တန်းသုံး ပစ္စည်းများ အခမဲ့ပံ့ပိုးပေးသွားမည်ဖြစ်သည်။
  နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း(အောင်ပန်း)တွင် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းသား/သူ စုစုပေါင်း ၇၀ ဦး သင်ကြားလေ့ကျင့် မွေးထုတ် ပေးခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Post Paragraph