နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိ

မေလ ၂၁  ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လောက်ကိုင်မြို့နယ်နှင့် ကုန်းကြမ်း မြို့နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက် ပေး လျက်ရှိရာ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၈၇ ဒသမ ၅၆၇ သန်းဖြင့် ကုန်းကြမ်းမြို့နယ်၊ မန်ဆာ - ကျွင်ညဲ မြေသားလမ်း ၈ မိုင်အနက် ၃ မိုင် ဗြုန်းကျောက်အမာခံလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ၉၀ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးမှု အခြေအနေများအား ရှမ်းပြည်နယ် (မြောက်ပိုင်း) ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဒုတိယ ညွှန်ကြား ရေးမှူး ဦးကျော်စွာဝင်းနှင့်အဖွဲ့မှ ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရှိရသည်။