ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဒီဇင်ဘာ ၂၁    
     တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ  အလုပ်သဘော လေ့လာရေးခရီး ရောက်ရှိနေသော နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘေကျင်းမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ   နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi နှင့် တွေ့ဆုံ၍ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေးနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လက်ရှိပူးပေါင်းပါဝင် ဆောင်ရွက် နေမှုနှင့် ဆက်လက်ကူညီပံ့ပိုး၊  ပူးပေါင်းဆောင်ရွက်သွားမည့်  အခြေအနေများ၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် ရခိုင်ပြည်နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည် တည်ငြိမ်အေးချမ်းမှုရရှိရေး ဆောင်ရွက်နေမှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း  သတင်းရရှိသည်။

 

Post Paragraph