ရေး၊ဧပြီ ၂၇
နယ်စပ်ရေးရာဝန်ကြီးဌာနသည် နယ်စပ်ဒေသများတွင် လူမှုစီးပွားဘဝ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးလျက်ရှိရာ မွန်ပြည်နယ်၊ ရေးမြို့နယ်စုံနံ့သာ-အပလွိုင် -စုံပဒေါက်-ကံလှလမ်း ၈ မိုင်အနက် ၁ မိုင် ၄ ဖာလုံ ကတ္တရာခင်းခြင်း လုပ်ငန်းကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ် ခွင့်ပြုရန်ပုံငွေကျပ် ၃၄၈ ဒသမ ၈၄၆ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရာနှုန်းပြည့်ပြီးစီးခဲ့ပြီဖြစ်သည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ်အတွင်း လမ်းတံတားလုပ်ငန်း၊ သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း၊ တန်ဖိုးနည်းအိမ်ရာတည်ဆောက်ရေးလုပ်ငန်းစသည်ဖြင့် ဖွံ့ဖြိုးရေး လုပ်ငန်း ၂၈ ခု ကို ခွင့်ပြုရန်ပုံငွေ ကျပ် ၂၄၈၃ ဒသမ ၂၆၄ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ရေးမြို့နယ် စုံနံ့သာ-အပလွိုင်-စုံပဒေါက်-ကံလှလမ်း ၁ မိုင် ၄ ဖာလုံကတ္တရာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Post Paragraph
Paragraph Images