ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃) ကျင်းပပြုလုပ်

နေပြည်တော် စက်တင်ဘာလ  ၁၄
    ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်း ပေါင်းစပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃) ကို ယနေ့မွန်းလွဲ ၁ နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
    အစည်းအဝေးသို့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ (၁) ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဥက္ကဋ္ဌ (၂) လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊ ကော်မတီဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက Zoom Application Online System ဖြင့် တက်‌ရောက်ခဲ့ကြပါသည်။     
ရှေးဦးစွာ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်စိစစ်လက်ခံရေးနှင့် ပြန်လည်နေရာ ချထားရေးလုပ်ငန်းများအတွက် မိမိတို့ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ အပါအဝင် လုပ်ငန်းကော်မတီ ၄ ခု၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့မှ လုပ်ငန်းများအကောင်အထည် ဖော်ဆောင်ရွက်နိုင်မှု၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီမှုဖြင့် Pilot Project အရ နေရပ်စွန့်ခွာ သူများအား ပြန်လည်လက်ခံနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် အမှန်တကယ် မြေပြင်အနေ အထားများကို မျက်မြင်သိရှိနိုင်ရေးအတွက် တရုတ်သံရုံးအပါအဝင် နိုင်ငံတကာ သံတမန်များ အား ဒုတိယ ဥက္ကဋ္ဌ (၁) ဦးဆောင် ၍ ၂ ကြိမ်တိုင်တိုင် လိုက်လံရှင်းလင်းပြသနိုင်ခဲ့ကြောင်း၊ ယနေ့ အချိန်အခါတွင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်စိစစ်လက်ခံရေးနှင့် နေရာချထားရေး လုပ်ငန်းအား မည်သည့်အချိန်တွင်မဆို စတင်နိုင်သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည့်အပြင် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အထိုက်အလျောက် အောင်မြင်မှုရရှိနေပြီဖြစ်ပါကြောင်း၊ ရှေ့ဆက်၍ ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးနှင့် ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ ဘဝလုံခြုံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် ယနေ့ညှိနှိုင်း အစည်းအဝေးမှ ရရှိလာသည့် မှန်ကန်ထိရောက်သည့် သုံးသပ် အကြံပြုချက်များအပေါ် အခြေခံပြီး အကျိုးရှိ၍ ကောင်းမွန်သည့် ဆုံးဖြတ်ချက်များကို တစ်ပါတည်း ချမှတ်သွားမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ငန်းကော်မတီများ အနေဖြင့် ရှေ့ဆက်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ရေးဆွဲထားသည့် စီမံချက်များနှင့်အညီ အောင်မြင်အောင် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ဝိုင်းဝန်း ဆောင်ရွက် သွားကြရန် တိုက်တွန်း လိုပါကြောင်း ပြောကြားခဲ့ပါသည်။
    ယင်းနောက် ဒုတိယဥက္ကဋ္ဌ (၁) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ရခိုင်ပြည်နယ်တည်ငြိမ်အေး ချမ်းရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည်စိစစ်လက်ခံရေး၊ ပြန်လည်နေရာ ချထားရေးအတွက် ဆောင်ရွက်ထားရှိသည့် ဖြစ်ပေါ်တိုးတက်မှုများအား နိုင်ငံတကာ သံတမန်များအား ရှင်းလင်း ပြသနိုင်ခဲ့မှု၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ (၂) ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြန်လည်ဝင်ရောက်လာမှုများအား လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်လက်ခံရေးစခန်းများနှင့် ယာယီနေရာချထားရေး စခန်းတို့တွင် ဆောင်ရွက် ပေးလျက်ရှိသည့် လုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ အတွင်းရေးမှူးက နေရပ်စွန့်ခွာ သူများအား ပြန်လည်စိစစ် လက်ခံ ရေးနှင့် နေရာချထားရေး လုပ်ငန်းအား ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ နှင့် ရှေ့ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပါသည်။
    ဆက်လက်၍ လူဦးရေ စိစစ်ပေးပို့မှုနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၊ ပြန်လည် လက်ခံရေး ဆိုင်ရာ ပြင်ဆင်ဆောင်ရွက်မှု လုပ်ငန်းများကဏ္ဍ၊ လူမှုစီးပွားဖွံ့ဖြိုးရေးကဏ္ဍ၊ လုံခြုံရေး ကဏ္ဍများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာလုပ်ငန်းကော်မတီများ၊ ဝန်ကြီးဌာနများက ကဏ္ဍအလိုက် အသီးသီး ရှင်းလင်း တင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြ ပါသည်။
    ထို့နောက် ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌများက ဆွေးနွေး တင်ပြချက်များ အပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိပါသည်။
 

Post Paragraph
video-upload