နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ သံဃာတော်များ ဆွမ်းအခက်အခဲ အဆင်ပြေစေရန်အတွက် ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ် လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မောင်တောခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မြင့်ဦးနှင့် ဝန်ထမ်းများက မောင်တောမြို့နယ်အတွင်းရှိ သိန္တိသုခ ဘုန်းတော်ကြီးကျောင်းနှင့် ဘင်္ဂလားဒေ့ရှ်ဘုန်းတော်ကြီးကျောင်းများရှိ ရဟန်း၊ သံဃာ၊ သာမဏေ များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများကို သွားရောက်ဆက်ကပ် လှူဒါန်းကြကြောင်း သိရသည်။
Post Paragraph
Paragraph Images