မေလ ၂၈ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ ကျပ် ၂၈၉ ဒသမ ၁၆၅ သန်း ဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် အတွင်း မိုင်းပန် - နောင်လေ - မိုက်ပုတ် - ပန်ပိ - ဝမ်မုတ် - ပန်တဝိ - ဝမ်ဟက် မြေသားလမ်း ၃၆ မိုင်အနက် ၅ မိုင် အပြီးသတ် လမ်းချဲ့ ဗြုန်းကျောက်ခင်းခြင်းနှင့် ၅ ပေ Box Culvert ၁၀ စင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှမ်းပြည်နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးရဲလွင်ဦးနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ မိုင်းပန် - ဝမ်ဟတ် ၃၆ မိုင် မြေသားလမ်းသည် ယခင်က လမ်းပန်းဆက်သွယ်မှု အလွန်ခက်ခဲသည့် လမ်းပိုင်းဖြစ်သောကြောင့် နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်၍ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက် ပေးခဲ့ရာ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း အပြီးသတ် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။