တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

ထားဝယ်၊ ဖေဖော်ဝါရီလ ၂၆ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဆွမ်း/ကွမ်း ခက်ခဲသည့် ဘုန်းတော်ကြီး‌ကျောင်းများသို့ ထောက်ပံ့ လှူဒါန်းလျက်ရှိရာ ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းက ကော့သောင်းမြို့နယ် ဓမ္မသိပ္ပံကျောင်း တိုက်သို့ ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲများအား လှူဒါန်းသည်။
    ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကော့သောင်းခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင် နှင့် ဝန်ထမ်းများ၊ ခရိုင်သာသနာရေးဦးစီးဌာန ဦးစီးအရာရှိ ဦးလှိုင်မျိုးလတ်နှင့် တာဝန်ရှိသူများ ကဓမ္မသိပ္ပံ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပဏ္ဍိတထံသို့ ဆွမ်းဆန်တော် ငါးအိတ်၊ ဆီ ၁၀ ပိဿာ၊ ကုလားပဲ ၆ ပိဿာ စသည်တို့ကို လှူဒါန်းကြောင်း သတင်းရရှိပါသည်။

Post Paragraph