‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ဒီဇင်ဘာ ၃

          နယ်စပ်ရေးရာဝန်ကြီးဌာနမှ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဟိုပန်မြို့နယ် တုံပကာ - ဆုံဖာ - ပန်လုံလမ်းမှာ လမ်းအရှည် (၁၀/၀) မိုင်ရှိပြီး အဆိုပါလမ်းပိုင်းအား ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှစတင်ကာ မြေသားလမ်းအဖြစ် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အထိ ကျောက်လမ်း (၁၀/၀) မိုင် အဖြစ် အဆင့်မြှင့်တင်ပေးနိုင်ခဲ့ပါသည်။

          ယခုအခါ  အဆိုပါကျောက်လမ်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ကတ္တရာလမ်း (၂/၀) မိုင်နှင့် ၎င်းလမ်းပေါ်ရှိ လိုအပ်သော နေရာများတွင် Box Culvert (၅×၅×၂၆) ပေ (၅) စင်းအား ခွင့်ပြုရန်ပုံငွေကျပ် (၂၉၉.၄၆၇) သန်းဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် ကျောက်လမ်း (၈/ ၀) မိုင်မှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာထပ်ပိုးလွှာခင်းခြင်း (၂/၀) မိုင်အား ခွင့်ပြုရန်ပုံငွေကျပ် (၂၀၄.၇၂၀) သန်းဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရပါသည်။