April 2022
မိုင်းဆတ်မြို့နယ်၊ စတုံးကျေးရွာအုပ်စုအတွင်း ကျောက်လမ်း ပြင်ထိန်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေကျပ် ၈၂.၇၉၈ သန်းဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ စတုံးကျေးရွာ အုပ်စု၊ လွယ်ပါရင်(၂)-မယ်ကြုတ်ကျောက်လမ်း ပျက်စီးမှုများပြားသော ၁/၄ မိုင် အနက် ၁/၀ မိုင်ကျောက်လမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ပါသည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Vinay Kumar အား လက်ခံတွေ့ဆုံ
နေပြည်တော် ဧပြီ ၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Vinay Kumar အား ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။