April 2022

မိုင်းဆတ်မြို့နယ်၊ မိုင်းလုံးကျေးရွာအုပ်စုအတွင်း အဲန်လူမျိုးများနေထိုင်ရာ ဝမ်အင်ရွာ ကျောက်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ခြောက်လဘဏ္ဍာနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေကျပ် ၁၇၀ ဒသမ ၇၁၃ သန်းဖြင့် ဆောင်ရွက်ခဲ့သည့် မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းလုံးကျေးရွာအုပ်စု၊ ဝမ်ပြန့်-ဝမ်အင်(အင်) ကျေးရွာချင်းဆက်လမ်း ၁/၀ မိုင် ကျောက်ခင်းခြင်းလုပ်ငန်း ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သတင်းရရှိသည်။

standard

သီပေါမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်အတွင်း ကျေးရွာချင်းဆက်လမ်းပိုင်းဖြစ်သော ရေဖြူ - မန်တပ် - ဝမ်စိမ်းကျေးရွာချင်းဆက်လမ်း ၁၀/၀ မိုင်ကို နယ်စပ်ရေးရာဝန်ကြီး ဌာနမှ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၁၉၇.၁၀၈ သန်းဖြင့် အမာခံဗြုန်းကျောက်ခင်း ခြင်း ၇/၀ မိုင်အား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ အမာခံဗြုန်းကျောက်ခင်း ခြင်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

standard

သိန်းနီမြို့နယ်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

    သိန်းနီမြို့နယ်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြား‌ရေးမှူး ဦးကျော်စွာဝင်းထံမှ သိရသည်။

standard

ကုန်းကြမ်းမြို့နယ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး စာသင်ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

    ကုန်းကြမ်းမြို့နယ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး စာသင်ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းထံမှ သိရသည်။

standard