April 2022

မိုးနဲ၌ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ လင်းခေးခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်‌ရေးရုံး မိုးနဲမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၁၅၀ ဒသမ ၁၄၂ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့သည့် ဆိုက်ဖယ်ရွာ(သစ်)မှ လီဆူးကျေးရွာအဝင်လမ်း ၁/၁ မိုင် ကျောက်ခင်းခြင်းလုပ်ငန်းနှင့် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၉ ဒသမ ၀၆၈ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ သည့် လီဆူးကျေးရွာအတွင်းရှိ ဂါလန် ၁၀၀၀၀ ဆံ့ ရေကန်တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

standard

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့နယ်အတွင်းရှိ နမ့်မုန်း-ပန်ကောက်-နမ့်ပီး-ပန်မော့ ကျေးရွာတို့သို့ ဆက်သွယ်ဖောက်လုပ်ထားသည့် လမ်းပိုင်းတွင် လိုအပ်လျက်ရှိသော ပေ ၃၀ ကွန်ကရစ်တံတားတစ်စင်းအား နယ်စပ်ရေးရာဝန်ကြီးဌာနမှ နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် ၆၉ ဒသမ ၁၆၂ သန်းဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လတာကာလအတွင်း အကောင်အထည်ဖော် တည်‌‌ဆောက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

standard

မက်မန်းမြို့သို့ နှစ်ခေါက်လေ

ရင်ထဲက မော်ဖဒေသ ကျွန်တော့်ဘဝမှာ နေရာဒေသတစ်ခုကို နှစ်ကြိမ်နှစ်ခါ ပြန်လည်၍ ရောက်တာမျိုး ကြုံရတတ်ပါသည်။ နတလ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ၂၃ နှစ်တာ ကာလအတွင်း မှာလည်း နှစ်ကြိမ်နှစ်ခေါက် ပြန်လည်ရောက်ခဲ့သည့် မြို့ရွာဒေသများ ရှိခဲ့ပါသည်။ အချို့နေရာများ ကတော့ဖြင့် နှစ်ကြိမ်နှစ်ခါမက မကြာခဏ ရောက်ခွင့်ကြုံခဲ့သည်။ ထိုကဲ့သို့ ရောက်ခွင့်ကြုံသော မြို့ရွာဒေသများကအပြန်၊ နယ်စပ်ဖွံ့ဖြိုးရေးဆိုင်ရာ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုင်ရာ၊ ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်းပါးများရေးတော့မည်ဆိုလျှင် ငယ်စဉ်က ကြည့်ရှုခဲ့ရသည့် ရုပ်ရှင် ဇာတ်ကားကြီး တစ်ကား၏အမည်က ခေါင်းထဲမှာ အလိုလို ပေါ်လာပါတေ

standard

မက်မန်းမြို့နယ်အတွင်းက နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများ

မက်မန်းမြို့နယ်၏ ပထဝီအနေအထား မက်မန်းမြို့နယ်သည်  ရှမ်းပြည်နယ်၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်း ခရိုင်တွင် တည်ရှိပါသည်။ အရှေ့ဘက်တွင် မိုင်းယန်းနှင့် မိုင်းခတ်မြို့နယ်၊ တောင်ဘက်တွင် မိုင်းပျဉ်းမြို့နယ်၊ အနောက်ဘက်တွင် မိုင်းရှူးမြို့နယ်၊ မြောက်ဘက်တွင် ပန်ဆန်း (ပန်ခမ်း) မြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။ မက်မန်းမြို့သည် ပင်လယ်ရေမျက်နှာပြင် အထက် ၄၀၅၀ ပေ တွင် တည်ရှိနေပါသည်။ ဒေသအတွင်း၌ အမြင့်မားဆုံးဖြစ်သော လွယ်လန်းတောင်သည် အမြင့်ပေ ၇၆၂၇ ပေရှိပြီး ဝမ်စလောင်းကျေးရွာ၏ အရှေ့ဘက်တွင် တည်ရှိပါသည်။ မန်ဝိန်း ကျေးရွာအနီး လွယ်ဟိုလာတောင်မှာ ဒုတိယအမြင့

standard

ရှမ်း(တောင်)မှသည် ရှမ်း(အရှေ့)ဆီသို့

နေပြည်တော် - လွိုင်လင် - နမ့်စန် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့လေးသို့ ကျွန်တော်သွားမည်။ သို့သော် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလထဲမှာ ကျွန်တော် သွားခဲ့သလိုမျိုး ရန်ကုန်မှ ကျိုင်းတုံသို့ လေယာဉ်ဖြင့် ကျိုင်းတုံ - တုံတာ - မိုင်းပျဉ်း - မက်မန်းသို့ မော်တော်ယာဉ်ဖြင့် မဟုတ်တော့ပါ။ လေယာဉ်ခရီးစဉ် မပါတော့ပဲ ကားဖြင့် မက်မန်းသို့အရောက်သွားရန် စဉ်းစားလိုက်ပါသည်။ သို့ဖြစ်၍ ကားမောင်းပြီး လိုက်ပို့ပေးမည့် ကျွန်တော့်မိတ်ဆွေ ဦးအောင်မင်းထွန်းနှင့်အတူ မတ်လ ၂ ရက်နေ့ နံနက် ၇ နာရီအချိန် နေပြည်တော်မှ စတင်ထွက်ခွါလာခဲ့ကြသည်။ သူ၏တပည့် အင်ဂျင်နီယာ ပေါက်စ အညာသားလေးတစ

standard