စက်မှုလက်မှုပညာသင်တန်းနှင့် ဟိုတယ်ဝန်‌ဆောင်မှုဆိုင်ရာသင်တန်းအမှတ်စဉ်(၇) သင်တန်းဆင်းပွဲကျင်းပ

အောင်ပန်း၊ အောက်တိုဘာ ၂
ပြည်နယ်အတွင်းရှိ စက်မှုလက်မှုလုပ်ငန်းများနှင့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများတွင် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိရန် ရည်ရွယ်ဖွင့်လှစ်သည့် စက်မှုလက်မှုပညာသင်တန်းနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းအမှတ်စဉ်(၇) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက နယ်စပ် ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်‌ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း(အောင်ပန်း)၌ ကျင်းပသည်။ 
သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အမှာစကားပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာ၊ သင်တန်းဆင်းလက်မှတ်နှင့် အလုပ်သမားမှတ်ပုံတင်ကဒ် (Labour Card) များကို သင်တန်းသား၊ သင်တန်းသူများထံ ပေးအပ်သည်။
ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူများ၏ ဟိုတယ်ဝန်‌ဆောင်မှုဆိုင်ရာလုပ်ငန်း ဆက်စပ်ပစ္စည်းနှင့် အိပ်ခန်းဆောင်ထိန်းသိမ်းရေး လက်တွေ့သရုပ်ပြသနေမှု၊ အဖျော်ယမကာ ဝန်ဆောင်မှု၊ လျှပ်စစ်၊ လက်ကိုင်ဖုန်း၊ သံဂဟေလုပ်ငန်း၊ မော်တော်ယာဉ်အင်ဂျင်နှင့် အောက်ပိုင်း လက်တွေ့ပြင်ဆင်နေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

Post Paragraph