August 2026

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး ဖလမ်းခရိုင်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ ကြည့်ရှုစစ်ဆေး

ဖလမ်း၊ ဩဂုတ်၂၆  ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် ချင်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ၊ ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်း ကော်မတီဝင်များနှင့်အတူ ဖလမ်းမြို့နယ်အတွင်း ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပါသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး ကလေး-ဖလမ်း-ဟားခါးလမ်း၊ ဖလမ်းခရိုင်အတွင်း လမ်းပြုပြင်နေမှုနှင့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ ကြည့်ရှုစစ်ဆေး

 ဩဂုတ်  ၂၄   ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် ယနေ့တွင် ချင်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး  ခင်မောင်ထွေး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့်  ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များ၊ ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ကော်မတီဝင်များနှင့်အတူ ကလေး-ဖလမ်း-ဟားခါးလမ်း၊ ဖလမ်းခရိုင်အတွင်း လမ်းပြုပြင်နေမှုများ ဖလမ်းမြို့တွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပါသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်ကျော်စွာဦး ကလေး-ဖလမ်း-ဟားခါးလမ်း၊ ဖလမ်းမြို့တွင်းလမ်းပိုင်း သန့်ရှင်းရေး ဆောင်ရွက်နေမှုကြည့်ရှုအားပေး

ဖလမ်း ဩဂုတ် ၂၂  ရက်
အကြမ်းဖက်ဖြစ်စဥ်များကြောင့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့်  ဖလမ်းမြို့၊ တီးတိန်မြို့နှင့် တွန်းဇံမြို့များ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်း သာယာလှပရေး အပတ်စဥ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ ၂၂ ရက်နေ့က ဖလမ်းမြို့ မြို့တွင်း  စုပေါင်းဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။

standard

ချင်းပြည်နယ်ဖလမ်းမြို့အတွင်း အကြမ်းဖက်ဖြစ်စဥ်များကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ ရုံးအဆောက်အအုံများ ပထမအဆင့် ပြုပြင်ခြင်းလုပ်ငန်း ၁၇ ရာခိုင်နှုန်းပြီးစီး

ဖလမ်း ဩဂုတ် ၂၁  ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်စွာဦးသည် ချင်းပြည်နယ်အစိုးရအဖွဲ့၊  လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီအဖွဲ့ဝင်များ၊ ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့်အတူ သြဂုတ်လ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့များတွင် ဖလမ်းမြို့တွင်းလုပ်ငန်းပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

standard

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့်လုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း