၃ မိုင်မြို့၌ စက်မှုလက်မှုပညာသင်တန်းကျောင်းနှင့် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသင်တန်းဆင်းပွဲ ကျင်းပ
လပွတ္တာ အောက်တိုဘာ ၃
လပွတ္တာခရိုင်(၃)မြို့တွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတို့၏ သင်တန်းဆင်းပွဲ ကို ယမန်နေ့က ယင်းသင်တန်းကျောင်းများ၏ ခန်းမများ၌ ပြုလုပ်ရာ လပွတ္တာခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့က သင်တန်းကျောင်းများမှ သက်ဆိုင်ရာ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များနှင့် ထူးချွန်ဆုများကို ပေးအပ်ခဲ့ကြပြီး သင်တန်းသား၊ သင်တန်းသူများ၏ လက်တွေ့လုပ်ဆောင်ထားမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။