နယ်စပ်ရေးရာဝန်ကြီးဌာနက ကယားပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

ကယားပြည်နယ်အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုး များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် လွိုင်ကော် မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု၊ စက်မှုဇုံ-လင်ဖုံလေးကျေးရွာချင်းဆက်ကျောက်လမ်း ၁/၀ မိုင်အနက် ၀/၄ မိုင် ကတ္တရာခင်းခြင်း အပိုင်း(၂)လုပ်ငန်းအား ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် ယနေ့ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ လုပ်ငန်း ၉၀% ခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ ကတ္တရာလမ်း ဆောင်ရွက်ပေးခြင်းကြောင့် လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု၊ ကုန်းသာကျေးရွာအုပ်စုနှင့် နိုးကိုးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၁၃ ရွာ၊ လူဦးရေ ၆၃၀၈ ဦး ခန့်အား အကျိုးပြုနိုင်မည်ဖြစ်ပြီး ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် မိမိတို့ဒေသထွက်ကုန် ပစ္စည်းများကို အချိန်တိုအတွင်း ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ တင်ပို့ရောင်းချလာနိုင်မည့်အပြင် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အတတ်ပညာ၊ နည်းပညာများကို  ပံ့ပိုးကူညီပေးခြင်းကြောင့်   ပြည်သူများ၏ မိသားစုဝင်ငွေ တိုးပွားလာနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာကာ ဒေသတွင်းကုန်စည်စီးဆင်းမှုနှင့် စီးပွားရေးကဏ္ဍကို သိသာထင်ရှားစွာ မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။