နယ်စပ်ရေးရာဝန်ကြီးဌာနက ဆန်၊ ဆီ၊ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်း
ပင်းတယ၊ စက်တင်ဘာလ ၂၅ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဘုန်းတော်ကြီးကျောင်းများ၌ ဝါတွင်းကာလ ဝါဆိုသံဃာတော်များ ဆွမ်းဆန်တော် အခက်အခဲ မရှိစေရေးနှင့် အခြားဘာသာရေးကျောင်းများတွင်လည်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်မှု လုပ်ငန်းများ ဆောင်ရွက်စဉ် စားသောက်ရေးကိစ္စများ အဆင်ပြေစေရေးအတွက် ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲများကို ဆက်ကပ်လှူဒါန်းလျက်ရှိသည်။