ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR )၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာဗျူရို ညွှန်ကြားရေးမှူးအား လက်ခံတွေ့ဆုံ
စက်တင်ဘာလ ၁၉ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အာရှ-ပစိဖိတ်ဒေသ ဆိုင်ရာဗျူရို ညွှန်ကြားရေးမှူး Mr.Indrika Ratwatte အား ယနေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံပါသည်။