April 2025
လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် အားကစားနှင့် ကာယပညာသိပ္ပံကျောင်း ဖွင့်လှစ်ရန်ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
လွိုင်ကော် ဧပြီ ၂၁
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများနှင့်အတူ ဧပြီလ ၂၁ ရက် တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(လွိုင်ကော်) နှင့် အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်) ကျောင်းများဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက် နေမှုများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ပျံလွန်၊ ကွယ်လွန်ခဲ့ကြရသည့် ရဟန်း၊ ရှင်၊ လူ ပြည်သူများအားရည်စူး၍ တစ်လပြည့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
နေပြည်တော် ဧပြီ ၂၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မန္တလေး ငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ပျံလွန်၊ ကွယ်လွန်ခဲ့ကြရသည့် ရဟန်း၊ ရှင်၊ လူ ပြည်သူများအား ရည်စူး၍ တစ်လပြည့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ ကျင်းပပြုလုပ်သည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက် ခဲ့သော ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်အတွင်းရှိ မြောင်းမြ-လပ္ပတ္တာသွားလမ်းမကြီးမှ တစ်ဆင့် ဝင်ရောက်သွားလာရသည့် သိလ္လာချောင်းဖျားလမ်းအား မြေသားလမ်းမှ ကျောက်လမ်း တစ်မိုင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် ရှမ်းရေကျော်ကျေးရွာအုပ်စု ကညင်ကုန်းကျေးရွာသို့ ဆက်သွယ်ထားသည့် ရှမ်းရေကျော်ကျေးရွာ ရွာအပြင်လမ်းအား ကွန်ကရစ်လမ်း လေးဖာလုံခင်းခြင်း လုပ်ငန်း များ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ခဲ့သည်။