September 2022
အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်း(ဘားအံ)၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်
ဘားအံ၊ စက်တင်ဘာလ ၈ ရက်
ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦစီးဌာန စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ ပူးပေါင်း၍ အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် စာရေးဆရာမ ဒေါက်တာ မတင်ဝင်းရေးသားသော အလုပ်ဆိုတာအင်အားပါ စာအုပ်ဖြင့် ယနေ့မွန်းလွဲ ၁ နာရီခွဲက အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ စာဖတ်ဝိုင်းကျင်းပရာ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက အဖွင့်အမှာ စကားပြောကြားသည်။
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) အခြေခံစစ်ပညာသင်တန်း ၁/၂၀၂၂ ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)ရှိ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ပညာရေးဘွဲ့ ၅ နှစ်သင်တန်းအမှတ်စဉ်(၆)မှ ကျောင်းသား ၇၄ ဦး၊ ကျောင်းသူ ၁၃၇ ဦး၊ ပေါင်း ၂၁၁ ဦးတို့အား အခြေခံစစ်ပညာသင်တန်း ၁/၂၀၂၂ ဖွင့်ပွဲအခမ်းအနားကို ၅-၉-၂၀၂၂ ရက်နေ့ နံနက် ၀၉:၀၀ နာရီအချိန်တွင် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ရာ ပါမောက္ခချုပ်က သင်တန်းဖွင့် မိန့်ခွန်း ပြောကြားခဲ့ပါသည်။