February 2024

နယ်စပ်ရေးရာဝန်ကြီးဌာနက မွန်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ အလှူငွေများ ဆက်ကပ်လှူဒါန်း

မုဒုံ၊ ဖေဖော်ဝါရီ ၂၅
   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် မွန်ပြည်နယ်အတွင်း ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအတွက် အလှူငွေများဆက်ကပ်လှူဒါန်းလျက်ရှိရာ မွန်ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးဉာဏ်မျိုးနှင့် ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းတွင် မုဒုံမြို့နယ်၊ ရေတောင် မူလတန်းလွန်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၂၆ ဦးအတွက် အလှူငွေ ကျပ် ၃၇ သိန်း ၈ သောင်း တိတိအား ကျောင်းအုပ် ဆရာတော်ထံသို့  ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာန ပဥ္စမအကြိမ် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ကျင်းပပြုလုပ်

ဖေဖော်ဝါရီလ ၂၃ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန ပဥ္စမအကြိမ် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲအား ယနေ့ ညနေပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ရုံးဝင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်၊ ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးရုံး၊ ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများနှင့် ပြိုင်ပွဲဝင်အသင်းများ စုံညီစွာ တက်ရောက်ခဲ့ကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။

standard

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)၌ ထမနဲထိုးပြိုင်ပွဲကျင်းပ

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၁ ရက်က ပင်မဆောင်အနီး မြေကွက်လပ်၌ ကျင်းပသည်။ 
   အခမ်းအနားသို့ အဆိုပါကောလိပ် ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။ 

standard

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း၊ ထန်တလန်မြို့နှင့် ဟားခါးမြို့တို့မှ မြို့မိမြို့ဖများနှင့်တွေ့ဆုံ

ဟားခါး ဖေဖော်ဝါရီ ၂၂
   ဟားခါးမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်   ဒုတိယဝန်ကြီးချုပ် နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် ဟားခါးမြို့၊ မြို့ဦးကျောင်းတိုက်ရှိ အတုလဂုဏ်ရည်သာသနဗိမာန်သို့ သွားရောက်၍ (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

standard