February 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားတက်ရောက်
ဟားခါး ဖေဖော်ဝါရီ ၂၁
၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းတွင် ဟားခါးတပ်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ မှုထန်၊ ပြည်ထောင်စုဝန်ကြီးများ၊ ချင်း ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
မီးဘေးလုံခြုံရေး ဆွေးနွေးဟောပြောခြင်း နှင့် သရုပ်ပြလေ့ကျင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်
ဖေဖော်ဝါရီ လ ၂၁ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၌ မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးဆိုင်ရာ ဆွေးနွေးဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်း အခမ်းအနားအား ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
(၇၇)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြိုင်ပွဲများ၊ တိုင်းရင်းသားရိုးရာအကပဒေသာဖျော်ဖြေပွဲနှင့် ဈေးရောင်းပွဲတော်များ ကျင်းပ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကို ဖေဖော်ဝါရီလ ၅ ရက်နေ့တွင်လည်းကောင်း၊ ထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် လည်းကောင်း ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများမှ အသီးသီး ယှဉ်ပြိုင်ခဲ့ကြပါသည်။ ထို့နောက် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် တိုင်းရင်းသားရိုးရာအကပဒေသာဖျော်ဖြေပွဲ၊ တိုင်းရင်းသားရိုးရာ အစားအသောက်နှင့် ရိုးရာပစ္စည်း ဈေးရောင်းပွဲတော်အား ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်