(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အကြို တိုင်းရင်းသားရိုးရာ အစားအစာ၊ ရိုးရာပစ္စည်း ဈေးရောင်းပွဲတော်နှင့် တိုင်းရင်းသားရိုးရာ ပဒေသာပွဲကျင်းပ
ဖေဖော်ဝါရီလ ၉ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ စစ်ကိုင်း၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အကြို တိုင်းရင်းသားရိုးရာအစားအစာနှင့် ရိုးရာပစ္စည်း ဈေးရောင်းပွဲတော်ကို တိုင်းရင်းသားတို့၏ အစားအစာနှင့်ပစ္စည်းများ ရိုးရာမပျောက်စေဘဲ ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းတွင် ဒီဂရီကောလိပ်၊ စစ်ကိုင်း ပင်မဆောင်အရှေ့၌ ကျင်းပသည်။