December 2024

နယ်စပ်‌ရေးရာဝန်ကြီးဌာနမှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ‌ဆောင်ရွက်ပေးလျက်ရှိ

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ‌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ တောင်တန်း မြေပြန့်မခွဲခြားဘဲ စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဟိုပုံးမြို့နယ် ပုံးအယ်လမ်းခွဲမှ နမ့်ပေါ်ချော-ဟိုနား-နောင်မိုင်းပွန်- နားလော-လီမော လမ်းခွဲအထိ ၁၅ မိုင်အနက် ၅ မိုင် မြေသားလမ်း ဖောက်လုပ်ခြင်းနှင့် ငါးပေ Box Culvert ၁၀ စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ခွင့်ပြုရန်ပုံငွေကျပ် ၃၂၉ ဒသမ ၄၇၆ သန်းဖြင့် ဆောင်ရွက် နေမှုကို ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများက

standard

ကျိုင်းတုံမြို့နယ်၊ လွိုင်မွေကန် လူကူးသံကူကွန်ကရစ်တံတား တည်ဆောက်မှုနှင့် ကျိုင်းတုံ-လွိုင်မွေသွားကားလမ်း အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)က တာဝန်ယူဆောက်လုပ်လျက်ရှိသော လွိုင်မွေဒေသ၊ လွိုင်မွေကန်ရှိ အရှည် ပေ ၃၅၀၊ အကျယ် ၈ ပေ ၁၀ လက်မရှိ လူကူးသံကူ ကွန်ကရစ် တံတား တည်ဆောက်နေမှုအား ယနေ့ မွန်းလွဲပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

standard

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အဆင့်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ တက်ရောက်ကြည့်ရှု အားပေးပြီး ဆုများပေးအပ် ချီးမြှင့်

နေပြည်တော်   ဒီဇင်ဘာ   ၁၉
    ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲများ၏ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားများကို ယနေ့တွင် နေပြည်တော်ရှိ   သက်ဆိုင်ရာ အားကစားရုံများ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် များ တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်ကြသည်။

standard

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်) မြန်မာ့ရိုးရာသိုင်းပညာ အခြေခံသင်တန်း အမှတ်စဉ်(၄) ဖွင့်လှစ်

ရန်ကုန် ဒီဇင်ဘာ ၁၇
   ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်နှင့် မြန်မာ့ရိုးရာ သိုင်းပညာ အခြေခံများ တတ်မြောက်စေရန် ရည်ရွယ်၍ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)၌ မြန်မာ့ရိုးရာ သိုင်းအခြေခံသင်တန်း အမှတ်စဉ်(၄) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။ 

standard