ကျိုင်းတုံမြို့နယ်၊ လွိုင်မွေကန် လူကူးသံကူကွန်ကရစ်တံတား တည်ဆောက်မှုနှင့် ကျိုင်းတုံ-လွိုင်မွေသွားကားလမ်း အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)က တာဝန်ယူဆောက်လုပ်လျက်ရှိသော လွိုင်မွေဒေသ၊ လွိုင်မွေကန်ရှိ အရှည် ပေ ၃၅၀၊ အကျယ် ၈ ပေ ၁၀ လက်မရှိ လူကူးသံကူ ကွန်ကရစ် တံတား တည်ဆောက်နေမှုအား ယနေ့ မွန်းလွဲပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
    အဆိုပါတံတားအား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့မှစ၍ ဆောက်လုပ်လျက်ရှိရာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ဆောက်လုပ်ပြီးစီးမည်ဖြစ်ကြောင်း သိရှိရသည်။
    ဆက်လက်၍ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် အရှည် ၁၉ မိုင် ၃ ဖာလုံရှိ ကျိုင်းတုံ-လွိုင်မွေသွား ကားလမ်းအား ရေရှည်တည်တံ့ကောင်းမွန်စေရန်နှင့် တောင်တက်လမ်းများ ချောမွေ့စွာ သွားလာနိုင်ရေးအတွက် အကျယ် ၁၂ ပေမှ အကျယ် ၁၈ ပေရှိ ကတ္တရာလမ်းတိုးချဲ့အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်နေမှုအခြေအနေမျာအား သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
 

Post Paragraph