ဘိုကလေးမြို့နယ်၌ လူငယ်စကားဝိုင်းကျင်းပ
ဘိုကလေး ဇွန် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီတွင် လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲကျင်းပသည်။
လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲသို့ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း ကျောင်းအုပ်ကြီး နှင့် ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများ၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့် နှင့် ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းတစ်ဦးဖြစ်သူ ကလောင်ရှင် “အလင်းနတ်သမီး” တို့တက်ရောက်ကြသည်။