နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် ဇနီး ဒေါ်ခိုင်မေကြူတို့အား အမှူးထား၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ဒုတိယအကြိမ်မြောက် နယ်စပ်ရေးရာဝန်ကြီးဌာန သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈:၃၀) နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ် (၄၂) စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား သို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် နှင့်ဇနီး၊အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ညွှန်ကြားရေးမှူးချုပ်နှင့်ဇနီး နှင့်တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။
ရှေးဦးစွာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ရဲအောင် နှင့်ဇနီးတို့မှ ဦးဆောင်၍ အသက် (၇၀) နှစ်အထက် ရှိ အဘိုးအဘွားများအား ကန်တော့ချိုးဖြင့် ကန်တော့ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး နှင့် ဒုတိယဝန်ကြီးနှင့်ဇနီး တို့မှ အဘိုးအဘွားများ အား ကန်တော့ပစ္စည်းများ ပေးအပ်လှူဒါန်းပါသည်။
ထို့နောက် အဘိုး ဦတင်လှ မှ ဆုမွန်ကောင်းတောင်း၍ ကျေးဇူးတင်စကားပြောကြားပြီး အဘိုးအဘွားများအား ပြန်လည်ပို့ဆောင်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။