ရန်ကုန် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်း တွင် ခေတ်မီမော်တာ အထည်ချုပ်စက်သင်တန်း အမှတ်စဉ် (၁၅) ကို သင်တန်းသူ (၁၀၀) ဦးဖြင့် (၂၄-၁၀-၂၀၁၆)ရက်နေ့၊ တနင်္လာနေ့၊ နံနက် (၀၉:၀၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဦး တက်ရောက်၍ သင်တန်းဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခေတ်မီမော်တာ အထည်ချုပ်စက် သင်တန်းအမှတ်စဉ် (၁၅) မှ သင်တန်းသူ (၁၀၀) ဦး၊ စီမံခန့်ခွဲရေး သင်တန်း အမှတ်စဉ် (၆၅) နှင့် စာရေးဝန်ထမ်း သင်တန်း အမှတ်စဉ် (၉၅) တို့မှ သင်တန်းသား၊ သင်တန်းသူ (၁၂၀) ဦး၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စက်ရုံပိုင်ရှင်နှင့် ဝန်ထမ်း (၈၀) ဦး စုစုပေါင်းအင်အား (၃၀၀) ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တ( ၃) ပတ် ဖြစ်ပါသည်။