ဖလမ်း၊ စက်တင်ဘာလ ၁၄ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ချင်းပြည်နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ သံဃာတော်များနှင့် သီလရှင် များ ဝါတွင်းကာလ ဆွမ်း၊ ကွမ်း အဆင်ပြေစေရန်အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
အလားတူနယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဖလမ်းခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးရှိ ဝန်ထမ်းများက ဖလမ်းမြို့ ဗဟိုသာသနာပြုဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန် တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။
Post Paragraph
Paragraph Images