လှိုင်းဘွဲမြို့နယ်၌ ကျောက်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

   နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ရှမ်းရွာသစ်-လေးဝါးလမ်း ၂၀/၇ မိုင်အနက် ၂/၀ မိုင် ကျောက်ခင်းခြင်းလုပ်ငန်းမှာ ဖေဖော်ဝါရီ ၂၃ ရက်တွင် လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး ခဲ့ပြီးဖြစ်သည်။
    အဆိုပါ ကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးမှုကြောင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာ ၁၈ ရွာ၊ အိမ်ခြေ ၅၉၅ အိမ်၊ အိမ်ထောင်စု ၆၂၀၊ လူဦးရေ ၃၀၅၈ ဦးတို့ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။
    ကရင်ပြည်နယ်တွင် နယ်စပ်ဒေသဖွံ့ဖြိုး‌ရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၃၁၃၇ ဒသမ ၈၁၁ သန်းဖြင့် မြေလမ်း ၃/၀ မိုင်၊ အမာခံလမ်း ၆/၀ မိုင်၊ ကျောက်လမ်း ၅/၆ မိုင်၊ ကွန်ကရစ်လမ်း ၂/၀ မိုင်၊ ကတ္တရာလမ်း ၃/၀ မိုင်၊ သံကူကွန်ကရစ်တံတား လေးစင်း၊ Box Culvert ၁၈ စင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
 

Post Paragraph