မြိတ်မြို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၇) သင်တန်းဖွင့်

မြိတ်၊ လူမှုရေး
    နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်‌မွေး လုပ်ငန်းပညာသင်တန်းကျောင်း အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၇) သင်တန်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကန်ဖျားရပ်ကွက်ရှိ အမျိုးသမီးအိမ်တွင်းမှုလုပ်ငန်းပညာသင်တန်းကျောင်းခန်းမဆောင်၌ ကျင်းပသည်။
    အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးရာအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်ဇော် က အဖွင့်အမှာစကားပြောကြားပြီး အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ် ဒေါ်စုမြတ်အေးက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
    အဆိုပါ သင်တန်းတွင်း မြိတ်မြို့နယ်မှ ၁၅ ဦး၊ တနင်္သာရီမြို့နယ်မှ ၅ ဦး၊ ကျွန်းစုမြို့နယ်မှ ၅ ဦး၊ ပုလောမြို့နယ်မှ ၅ ဦး စုစုပေါင်း သင်တန်းသူ ၃၀ ဦး တက်ရောက်ကြပြီး ဒိုဇိုနည်းပညာ၊ စင်တီမီတာနည်းဖြင့် အခြေခံမှ အဆင့်မြင့်ထိ သင်တန်းကာလ ၂၂ ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြား ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
 

Post Paragraph