နေပြည်တော် ဖေဖော်ဝါရီ ၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပူးပေါင်းဆောင်ရွက်ရေးနှင့် လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ အဖွဲ့အစည်းဖြစ်သည့် Swiss Agency for Development and Cooperation (SDC) မှ Minister, Deputy Head of Mission and Head of Cooperation ဖြစ်သူ Ms. Carine Carey သည် ယနေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဦးစီးဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပူးပေါင်းဆောင်ရွက်ရေးနှင့် လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ အဖွဲ့အစည်းဖြစ်သည့် Swiss Agency for Development and Cooperation (SDC) တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့၌ အမေရိကန်ဒေါ်လာ (၅.၅) သန်းဖြင့် ပညာရေး၊ ကျန်းမာရေး၊ အခြေခံအဆောက်အအုံလုပ်ငန်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း လုပ်ငန်းများ၏ အောင်မြင်ဖြစ်ထွန်းမှုများနှင့် ရှေ့ဆက်လက် ပိုမိုပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။