နယ်စပ်ရေးရာဝန်ကြီးဌာနက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း များသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်း

နေပြည်တော်   သြဂုတ်  ၁၄
     နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိူတိုးတက်ရေးဦးစီး ဌာနအနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း များသို့ ဆွမ်းအခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်း ပေးလျက်ရှိသည်။
     ထိုသို့ ဆက်ကပ်လှူဒါန်းလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ (လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဇင်ဘိုဦးနှင့် ဝန်ထမ်းများက လားရှိုးမြို့နယ်၊ သာသနာအေး ကျောင်းတိုက်၊ ‌ကျောင်းထိုင်ဆရာတော် ဦးဥပသေနထံသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။
 (သတင်းစဉ်)
 

Post Paragraph