တာချီလိတ်မြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းဖွင့်ပွဲကျင်းပ

တာချီလိတ် အောက်တိုဘာ ၂၃
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန တာချီလိတ်မြို့ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါသင်တန်းကျောင်းခန်းမ၍ ကျင်းပသည်။
ပေးအပ်လှူဒါန်း
    ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က အမှာစကား ပြောကြားပြီး ၊ ခရိုင်အုပ်ချုပ်ရေးမှူး နှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်ဌေးဌေးမော်တို့က ထောက်ပံ့ငွေများပေးအပ်လှူဒါန်းရာ ဒုတိယကျောင်းအုပ်ကြီး ဒေါ်ခန့်စုယဉ်က လက်ခံရပြီး အခမ်းအနား တက်ရောက်လာကြသူများက သင်တန်းသူများအားအခမဲ့ထောက်ပံ့ပေးမည့် သင်ထောက်ကူပစ္စည်း ၃၈ မျိုး နှင့် သင်တန်းတွင်သင်ကြားပေးမည့် မုန့်များ၊ အဝတ်အထည်များအား ကြည့်ရှုလေ့လာခဲ့ကြသည်။ 
    အဆိုပါသင်တန်းသို့ သင်တန်းသူ ၃၀ တက်ရောက်ပြီး သင်တန်းတွင် အဝတ်အထည် ချုပ်လုပ်ခြင်း ၊ ဟင်းလျာချက်ပြုတ်ခြင်းနှင့် မုန့်ဖုတ်နည်းများကို သင်တန်းကာလ ၅ လ ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။
                            
  သန်းဇော် (တာချီလိတ်)
 

Post Paragraph