ရန်ကုန် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်း၌ အဆင့်မြင့်စက်ချုပ်နည်းပြသင်တန်း အမှတ်စဉ်(၃၀)နှင့် စာရေး ဝန်ထမ်းသင်တန်း အမှတ်စဉ်(၉၆၊၉၇) သင်တန်းများဆင်းပွဲ အခမ်းအနားကို (၃-၂-၂၀၁၇)ရက်နေ့၊ သောကြာနေ့ နံနက်(၀၈:၃၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦး တက်ရောက် ၍ သင်တန်းဆင်းမိန့်ခွန်း ပြောကြားပြီး သင်တန်းထူးချွန်ဆုများနှင့် သင် တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ခဲ့ ပါသည်။
သင်တန်းဆင်းပွဲ အခမ်းအနားသို့ အဆင့်မြင့်စက်ချုပ်နည်းပြ သင်တန်းအမှတ်စဉ် (၃၀)နှင့် စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ်(၉၆၊ ၉၇)တို့မှ သင်တန်းဆင်း သင်တန်းသား၊ သင်တန်းသူ(၁၂၈)ဦး၊ ခေတ်မီမော်တာ အထည်ချုပ်စက်သင်တန်း အမှတ်စဉ်(၁၇)မှ သင်တန်းသူ (၁၀၀)ဦး၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် ဝန်ထမ်းအင်အား(၈၂)ဦး၊ စုစုပေါင်း အင်အား (၃၁၀)ဦး တက်ရောက်ခဲ့ပြီး အဆင့်မြင့်စက်ချုပ်နည်းပြ သင်တန်း အမှတ်စဉ်(၃၀)တွင် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီး ဌာနမှ သင်တန်းသူ (၂၀)ဦး၊ စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ်(၉၆)တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သင်တန်းသား (၅၀)ဦးနှင့် စာရေးဝန်ထမ်း သင်တန်းအမှတ်စဉ် (၉၇)တွင် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ သင်တန်းသား (၅၈)ဦး စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၁၂၈) ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁၅-၁၁-၂၀၁၆) ရက်နေ့မှ (၃-၂-၂၀၁၇)ရက်နေ့အထိ ရက်သတ္တပတ် (၁၂)ပတ်ကြာမြင့်ခဲ့ပါသည်။