နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးပြည်ထောင်စုရန်ပုံငွေဖြင့် ကလောမြို့နယ် ကလောမြို့ အမှတ်(၈) ရပ်ကွက်မှ တာယော- ရွာသစ် - ညောင်ကုန်း- ရွှေမင်းဖုန်း- အလယ်ရွာ- ဆော်တော- တောင်ပဲ့လမ်း ၁၀ မိုင် ၅ ဖာလုံအနက် ၄ ဖာလုံ ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းတစ်ခုလုံး၏ ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကလောမြို့နယ်အတွင်းရှိ ကျေးရွာ ၁၂ ရွာမှ လူဦးရေ ၉၆၈၀ တို့၏ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသထွက်ကုန်သီးနှံများ ရောင်းဝယ် ဖောက်ကား သယ်ယူပို့ဆောင်ရေးတို့တွင် ယခင်ကထက် ပိုမိုချောမွေ့လွယ်ကူလာမည် ဖြစ်သဖြင့် ဒေသတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုမည် ဖြစ်ကြောင်း သိရသည်။