နေပြည်တော်၊ အောက်တိုဘာ ၂၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်သည် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ဆောင်ရွက်လျက်ရှိသည့် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၏ Short-term Expert (Industrial Crop: Wa - u) ဖြစ်သူ Mr. Mitsuo MATSUMOTO အား ယနေ့နံနက် (၁၁း၄၀) နာရီအချိန်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် Short-term Expert (Industrial Crop: Wa - u) ဖြစ်သူ Mr. Mitsuo MATSUMOTO မှ မြန်မာနိုင်ငံတွင် ၎င်းဆောင်ရွက်ခဲ့သည့် `ဝ´ဥ စိုက်ပျိုးရေးနှင့် စပ်လျဉ်းသည့် နည်းပညာသင်တန်းပေးခြင်း စီမံကိန်းလုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်မှ စီမံကိန်းလုပ်ငန်းများအပေါ် အကြံပြု သုံးသပ်ဆွေးနွေးခဲ့ကြသည်။