နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း (၃/၂၀၁၇)သြဝါဒခံယူခြင်းကျင်းပပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာလ ၂၃ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် ၂၂-၁၁-၂၀၁၇ ရက်နေ့ ညနေ ၃ နာရီတွင် ဝန်ကြီးဌာနစုပေါင်း အစည်းအဝေးခန်းမ၌ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်းများမှ ကျောင်းအုပ်များ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်းအမှတ်စဉ် (၃/၂၀၁၇)သင်တန်းသို့တက်ရောက်လျက်ရှိသောကျောင်းအုပ်(၄၁)ဦးအားလမ်းညွှန်သြဝါဒအမှာစကား ပြောကြားခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးက ကျောင်းအုပ်များအား မိမိတို့ သင်တန်းကျောင်း၏ ရေ၊ မီး၊ လမ်း၊ အဆောက်အဦလိုအပ်ချက်၊ ပတ်ဝန်းကျင်အနေအထား၊ သင်တန်းသူနှင့် ပတ်သက်သည့် အကြံပြုချက်၊ သင်ကြားမှုအခက်အခဲ၊ သင်တန်းကျောင်း၏ ပြည့်စုံအောင်မြင်မှုအတိုင်းအတာများကို အကြံပြုစေလိုကြောင်းပြောကြားပါသဖြင့် ကျောင်းအုပ်များက ပြန်လည်တင်ပြခဲ့ကြပါသည်။
    အဆိုပါ အခမ်းအနားသို့နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူ များနှင့်သင်တန်းတက်ရောက်သည့်ကျောင်းအုပ်(၄၁)ဦးတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။

 

Post Paragraph