ရေးမြို့နယ်တွင် ပေ ၁၃၀ ရှိ ပိုင်ကမာချောင်းကူးကွန်ကရစ်တံတား ရာနှုန်းပြည့်ပြီးစီး

ရေး၊ မတ် ၁၈

   နယ်စပ်ရေးရာဝန်ကြီးဌာနသည် နယ်စပ်ဒေသများတွင် လူမှုစီးပွားဘဝအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးလျက်ရှိရာ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဖလံချောင်းဝ- ညီဆားလမ်းပေါ်တွင် အရှည် ပေ ၁၃၀ ရှိ ပိုင်ကမာချောင်းကူး ကွန်ကရစ်တံတား ၁ စင်း ကို နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၃၆၂.၅၀၀ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများ သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ  ရာနှုန်းပြည့် ပြီးစီးခဲ့ပြီဖြစ်သည်။ 
   ပိုင်ကမာချောင်းသည်   မိုးရွာသွန်းမှုများပြားသော  ရေးချောင်းဖျားဒေသတွင် တည်ရှိပြီး နှစ်စဉ်မိုးသည်းထန်စွာရွာသွန်းချိန်တွင် ချောင်းဖြတ်ကူး၍မရဘဲ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်လေ့ ရှိရာ ယခုအခါကွန်ကရစ်တံတားသစ် တည်ဆောက်ပြီးစီးသွားသဖြင့် ဒေသခံများရာသီမရွေး သွားလာ နိုင်တော့မည်ဖြစ်သည်။
   နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ်အတွင်း လမ်းတံတားလုပ်ငန်း၊ သောက်သုံးရေနှင့် စိုက်ပျိုးရေ ရရှိရေးလုပ်ငန်း၊ တန်ဖိုးနည်းအိမ်ရာတည်ဆောက်ရေး လုပ်ငန်းစသည်ဖြင့် ဖွံ့ဖြိုးရေး လုပ်ငန်း ၂၈ ခု ကို ခွင့်ပြုရန်ပုံငွေ ကျပ် ၂၄၈၃.၂၆၄ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
 

Post Paragraph