ရေဖြူမြို့နယ်၊ အိန္ဒရာဇာ-ဆင်ကူး-လယ်ကြီး-မင်းသား-ဆင်စွယ်-ရေငံကြီး-စိန်ဘုံကျေးရွာချင်းဆက် မြေသားလမ်း ၁၅/၀ မိုင်အနက် ၈/၀ မိုင်လမ်းပေါ်တွင် လိုအပ်လျက်ရှိသော သံကူကွန်ကရစ်တံတား ၃ စင်း (၂၅ ပေ ၁စင်း၊ ၂၀ ပေ ၁စင်း၊ ၁၅ ပေ ၁ စင်း) တည်ဆောက်ခြင်းလုပ်ငန်းနှင့် ၎င်းလမ်းပေါ်တွင် Box Culvert ၈ စင်း (၁၀ ပေ ၂ စင်း၊ ၅ ပေ ၆ စင်း) တည်ဆောက်ခြင်းလုပ်ငန်း

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား နယ်စပ်ဒေသ၊ မြေပြန့်ဒေသ မခွဲခြားဘဲ စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တနင်္သာရီတိုင်းဒေသကြီးတွင်  နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေ ကျပ် ၂၈၈၉ ဒဿမ ၀၆၅ သန်းဖြင့် မြေလမ်း ၁၁ မိုင် ၄ ဖာလုံ၊ ကွန်ကရစ်လမ်း ၁ မိုင်၊ သံကူ ကွန်ကရစ်တံတား ၈ စင်း၊ Box Culvert ၅၁ စင်း တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။
   ထိုလုပ်ငန်းများအနက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၂၄၉ ဒသမ ၂၄၇ သန်းဖြင့် ရေဖြူမြို့နယ်၊ အိန္ဒရာဇာ- ဆင်ကူး- လယ်ကြီး- မင်းသား- ဆင်စွယ်- ရေငံကြီး- စိန်ဘုံ ကျေးရွာချင်းဆက် မြေသားလမ်း ၁၅/၀ မိုင်အနက် ၈/၀ မိုင်လမ်းပေါ်တွင် လိုအပ်လျက်ရှိသော သံကူကွန်ကရစ်တံတား ၃ စင်း (၂၅ ပေ ၁ စင်း၊ ၂၀ ပေ ၁ စင်း၊ ၁၅ ပေ ၁ စင်း) တည်ဆောက်ခြင်း လုပ်ငန်းနှင့် ၎င်းလမ်းပေါ်တွင် Box Culvert ၈ စင်း (၁၀ ပေ ၂ စင်း၊ ၅ ပေ ၆ စင်း) တည်ဆောက်ခြင်း လုပ်ငန်းအား    Apex Queen ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီး ကျေးရွာ ၇ ရွာ၊ လူဦးရေ ၄၄၉၈ ဦး တို့၏ လူမှုစီးပွားဘဝများအတွက် များစွာအထောက်အကူပြုမည်ဖြစ်သဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် များစွာ ဝမ်းမြောက် ပျော်ရွှင်လျက်ရှိကြောင်း သိရပါသည်။
 

Post Paragraph