January 2022

မြန်မာ-အိန္ဒိယ နယ်စပ်ဒေသဖွံ့ဖြိုးရေး စီမံကိန်း

 နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် အိန္ဒိယ သမ္မတ နိုင်ငံတို့ ပူးပေါင်း၍ မြန်မာ- အိန္ဒိယ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးကို ၂၀၁၂- ၂၀၁၃ ဘဏ္ဍာရေးနှစ်မှ စတင်၍ တစ်ကြိမ်လျှင် အမေရိကန်ဒေါ်လာ ၅ သန်းဖြင့် ၅ ကြိမ် ဆောင်ရွက်လျက်ရှိပြီး ချင်းပြည်နယ် ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ ထန်တလန်၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝ မြို့နယ်များတွင် လည်းကောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ လေရှီး၊ လဟယ်၊ နန်းယွန်း မြို့နယ်များ တွင် လည်းကောင်း၊လမ်း/တံတား ဖောက်လုပ်တည်ဆောက်ခြင်း၊ စာသင်ကျောင်းများ၊ ကျေးလက် ကျန်းမာရေး ဌာနခွဲများ ဆောက်လုပ်ခြင်

standard

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ဖြိုးသန့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း)သို့ သွားရောက်ကြ

နေပြည်တော် ဇန်နဝါရီ  ၁၇
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်မှူးချုပ် ဖြိုးသန့်သည် ဇန်နဝါရီ ၁၇ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ရှိ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)သို့ ‌ရောက်ရှိပြီး တက္ကသိုလ် အစည်းအဝေး ခန်းမ၌ ပါမောက္ခချုပ်၊ ဌာနမှူးများနှင့်တွေ့ဆုံကာ ပါမောက္ခချုပ်က တက္ကသိုလ်၏ စီမံရေးရာနှင့် သင်ကြားရေးဆိုင်ရာများ ရှင်းလင်းတင်ပြပြီး တင်ပြချက်များအပေါ် ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 

standard

နှစ်(၇ဝ)ပြည့် ကယားပြည်နယ်နေ့ အခမ်းအနား ကျင်းပ

လွိုင်ကော်  ဇန်နဝါရီ  ၁၅
     နှစ် (၇ဝ)ပြည့်   ကယားပြည်နယ်နေ့ အခမ်းအနားကို     ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမ၌ ကျင်းပသည်။

standard

တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက နယ်စပ်ရေးရာဝန်ကြီးဌာနအတွက် အမေရိကန်ဒေါ်လာနှစ်သိန်း လှူဒါန်း

နေပြည်တော်      ဇန်နဝါရီ    ၁၂   ရက်
မြန်မာနိုင်ငံ၏ အပစ်အခတ်ရပ်စဲမှု၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုတို့ကို တိုးမြှင့်ရန်နှင့် တရုတ်- မြန်မာ နယ်စပ်ဒေသ၌နေထိုင်သည့် ပြည်သူများ၏ လူနေမှုဘဝတိုးတက်ရေးတို့အတွက် ရည်ရွယ်၍ တရုတ် ပြည်သူ့သမ္မတနိုင်ငံအစိုးရမှ နယ်စပ်ရေးရာဝန်ကြီးဌာနသို့ အမေရိကန်ဒေါ်လာ နှစ်သိန်း ပေးအပ်လှူဒါန်း ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

standard