May 2022

ရေးမြို့နယ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

    နယ်စပ်ရေးရာဝန်ကြီးဌာနသည် မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ နယ်စပ်ဒေသကျေးရွာ များ လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ၆ လ ကာလတွင် ရေးမြို့နယ်၊ ဖလံချောင်းဝ-ညီဆားလမ်းပိုင်း ၁၄ မိုင် ၄ ဖာလုံအနက် ၃ မိုင် အပြီးသတ်ကျောက်ခင်းခြင်း၊ အဆိုပါလမ်းပိုင်း ၂ မိုင်ကို ပြုပြင်ထိန်းသိမ်းခြင်းနှင့် လမ်းတစ်လျှောက်လိုအပ်သော ၆၀ ပေ ကွန်ကရစ်တံတား ၂ စင်း၊ ၃၀ ပေ ကွန်ကရစ်တံတား ၁ စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုး များဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်

standard

နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဘုန်းတော်ကြီးကျောင်းများ၊ ပရဟိတကျောင်းများအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်း

နေပြည်တော် မေ ၇
    နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေ ပျဉ်းမနားခရိုင် ဓမ္မဝိဟာရကျောင်းတိုက်ရှိ သံဃာတော်များနှင့် သာမဏေများအတွက် ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် အခြားစားသောက်ဖွယ်ရာများအပြင် သံဃာတော်များနှင့် သာမဏေ များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။

standard

နမ့်ဆန်မြို့နယ်၌ အခြေခံပညာအလယ်တန်းကျောင်းဆောင်သစ် ဖွင့်လှစ်

    ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဟူးခင်ကျေးရွာ အုပ်စု၊ မန်မိုင်မိန်းကွမ်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း စေတနာ အဖွဲ့တို့က မန်မိုင်မိန်းကွမ်းကျေးရွာ ပြည်သူလူထုနှင့် ပူးပေါင်းဆောက်လုပ်ပြီးစီးသော အလျား ပေ ၉၀၊ အနံ ပေ ၃၀ စာသင်ကျောင်း‌ဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်း အနားကို ယမန်နေ့က မန်မိုင်မိန်းကွမ်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ ကျင်းပ သည်။

standard