စက်မှုလက်မှုအဆင့်မြင့်သင်တန်းဖွင့်ပွဲနှင့် ဟိုတယ်ဝန်ဆောင်မှုသင်တန်းဆင်းပွဲ ကျင်းပ
ကလော၊ လူမှုရေး
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောခရိုင် ကလောမြို့နယ် အောင်ပန်းမြို့ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၌ မေ ၂၂ ရက်တွင် စက်မှုလက်မှု အဆင့်မြင့်သင်တန်း အမှတ်စဉ် (၁) ဖွင့်ပွဲနှင့် ဟိုတယ်ဝန်ဆောင်မှုသင်တန်း အမှတ်စဉ် (၁) ဆင်းပွဲ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အမှာစကားပြောကြားပြီး အောင်ပန်းမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း တာဝန်ခံ ကျောင်းအုပ် ဦးခွန်စိုးစံက သင်တန်းနှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ ရှင်းလင်းတင်ပြသည်။