October 2023
တနင်္သာရီတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ အောက်တိုဘာ ၁၅
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်ခွန်သန့်ဇော်ထူးသည် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းမင်းလတ်နှင့် တာဝန်ရှိသူများအတူ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပုလဲကျွန်း၌ နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူ တည်ဆောက်ပေးထားသော တစ်ဖက်ပိတ်ရေလှောင်တမံနှင့် လေယာဉ် ပြေးလမ်းမြေထိန်းနံရံတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
standard