November 2023

သရက်မြို့၌ မျက်စိနာရောဂါအကြောင်း အသိပညာပေးဟောပြော

သရက် နိုဝင်ဘာ ၁၂
မကွေးတိုင်းဒေသကြီးသရက်မြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် မျက်စိနာရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျင်းပရာ ဒုတိယကျောင်းအုပ်ဆရာကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသားများ တက်ရောက်သည်။

standard

မြစ်ကြီးနားမြို့၌ မျက်စိနာရောဂါအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ

မြစ်ကြီးနား  နိုဝင်ဘာ ၁၁
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမှတ် (၁) နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်း‌‌ကျောင်း (မြစ်ကြီးနား) သင်တန်းခန်းမ၌ ယနေ့ နံနက် ၈ နာရီ မျက်စိနာရောဂါအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပသည်။

standard

မင်းပြားမြို့နယ်၌ ကူးစက်မြန်မျက်စိနာရောဂါဆိုင်ရာ အသိပညာပေးဟောပြော

မင်းပြား နိုဝင်ဘာ ၁၂
    မြန်မာနိုင်ငံတွင် ယခုဖြစ်ပွားလျက်ရှိသော ကူးစက်မြန် မျက်စိနာခြင်း၊ မျက်လုံး ရောင်ရမ်းခြင်းနှင့် ပတ်သက်၍ ကျန်းမာရေးအသိပညာပေးဟောပြောပွဲအား ယနေ့ မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ် များဖွံ့ဖြိုးရေးသင်တန်းကျောင်း(မင်းပြား)ရှိ ခန်းမဆောင်၌ ကျင်းပသည်။

standard

ကျိုင်းတုံမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ကျိုင်းတုံ နိုဝင်ဘာ ၁၂
    ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင်းရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ကျိုင်းတုံ)တို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါကျောင်း၌ ကျင်းပသည်။        

standard