မောင်တောမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် မျက်စိနာရောဂါဆိုင်ရာ အသိပညာပေးဟောပြော
မောင်တော နိုဝင်ဘာ ၁၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မျက်စိနာရောဂါဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက အဆိုပါ ကျောင်းခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။