ဆောင်းပါးများ
ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သို့
“တစ်နိုင်ငံလုံးအကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်လာနိုင်တာနဲ့အမျှ တိုင်းရင်းသားလူမျိုးများအကြား အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုတွေရရှိလာပြီး တည်ငြိမ်အေးချမ်းမှုနဲ့ တရားဥပဒေစိုးမိုးမှုတွေ ပိုမိုရရှိလာမှာပဲဖြစ်တယ်။ တရားဥပဒေစိုးမိုးမှုနဲ့ တည်ငြိမ်အေးချမ်းမှုရှိမှလည်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပိုမိုဆောင်ရွက်ပေးနိုင်မှာလည်းဖြစ်ပါတယ်။ တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုလည်း နယ်စ
“ဖောက်ရဦးမည့် လမ်းများ ... ဆောက်ရဦးမည့် တံတားများ” အပိုင်း(၃)
သံလွင်တံတားပေါ်မှ ဘားအံမြို့သို့ ပြန်ခဲ့ပေပြီ။
မြစ်ရေများသည် ငြိမ်သက်စွာ ဆက်လက်စီးဆင်းနေဆဲဖြစ်သည်။ တောင်တန်းများကလည်း တိတ်တဆိတ် ရပ်တည်နေကြဆဲ ဖြစ်သည်။ နေဝင်ပေတော့မည်။ နေရောင်တို့ကြောင့် သံလွင်မြစ် ၏ ရေမျက်နှာပြင်ပေါ်တွင် ရွှေရောင်လှိုင်းကလေးများဖြစ်ပေါ် ပျံ့နှံ့နေသည်။ တောင်တန်းများ၏ အရိပ်များက မြစ်ရေထဲသို့ တိတ်တဆိတ်လျှောဆင်းနေကြ၏။ ညအချိန်၏ တိတ်ဆိတ်မှုကို ကြိုဆို နေသကဲ့သို့ ထင်မြင်ရသည်။“ဖောက်ရဦးမည့် လမ်းများ ... ဆောက်ရဦးမည့် တံတားများ” အပိုင်း(၂)
သံလွင်မြစ်ကူးတံတား(ဘားအံ)
သံလွင်တံတား(ဘားအံ)သို့လည်း ရောက်ရှိခဲ့ပါသေးသည်။ ဘားအံမြို့နှင့် သံလွင် မြစ်ကူး တံတားသည် အလွန်မဝေးလှပါ။ တံတားသို့ ဦးတည်ရာ လမ်းတစ်လျှောက် မြစ်သံလွင် ဘက်သို့ မျက်နှာမူနေသော ရွာလေးများကို တွေ့ရသည်။ တချို့နေရာများတွင် လယ်ကွင်းများ၏ စိမ်းစိမ်း စိုစိုအရောင်များက မျက်စိပသာဒ ဖြစ်စေသည်။“ဖောက်ရဦးမည့် လမ်းများ ... ဆောက်ရဦးမည့် တံတားများ” အပိုင်း(၁)
ဇွဲကပင်တောင်ထိပ်သို့ ရောက်ခဲ့ပြီ။ ဆံတော်ရှင်စေတီအား ဖူးမြော်ရပြီ။ ဖြာကျနေ သော မိုးတိမ်များကို ဖြတ်လျက် အာကာသပြင်ကျယ်ကြီးကို မျက်မှောက်ပြုရသည်။ တောင်ထိပ် ပေါ်မှ မြင်ရသည့် မြင်ကွင်းကား မိုးကောင်းကင်နှင့် မြေပြင်တို့၏ သဘာဝအလှတရား ပေါင်းစပ် ထားမှု ဖြစ်၏။ ဤလှပသော အမိမြေတို့ ထာဝရတည်တံ့စေရန် ထိန်းသိမ်းရမည်ဟူသော နိုင်ငံသား တာဝန်နှင့် ကိုယ်တိုင်နားလည်မှုတို့ တစ်ပြိုင်နက် ခံစားမိသည်။
"ပညာရေးအလင်းတံခါးများ"
နယ်စပ်ဒေသဟူသည် သဘာဝအလှတရားများ ကြီးမားသော်လည်း ငြိမ်းချမ်းရေးအတွက် စိန်ခေါ်မှုများနှင့် ပညာရေးအတွက် အခက်အခဲများ တိုက်ရိုက်ကြုံတွေ့နေရသည့် ဒေသများဖြစ်သည်။ ထိုအခက်အခဲများအတွက် ကောင်းမွန်သည့် အနာဂတ်ကို ဖန်တီးပေးထားသည့် ပညာရေးအလင်းရောင် တံခါးပေါက်များရှိပါသည်။ ဤအရာမှာ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်များပင် ဖြစ်ပါသည်။