ပင်လုံ နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်း ကျောင်း(ပင်လုံ)၌ မျက်စိနာရောဂါအကြောင်း အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
ဦးစွာ ပင်လုံမြို့၊ စီမံအုပ်အုပ်ချုပ်ရေးမှူး ဦးရန်ပိုင်ဖြိုးက အမှာစကား ပြောကြားပြီး လွိုင်လင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင်ဆရာဝန်(တီဘီ/အနာကြီး) ဒေါက်တာသက်ပိုင်ဦးက သွေးလွန်တုပ်ကွေးရောဂါ အကြောင်းသိကောင်းစရာများ၊ မျက်မြှေး ရောင်ရောဂါ (မျက်စိနာရောဂါ အကြောင်း) ဆယ်ကျော်သက်အရွယ်ကျန်းမာရေးဗဟုသုတများနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောသည်။
အဆိုပါ အခမ်းအနားသို့ ပင်လုံမြို့ စီမံအုပ်ချုပ်ရေးမှူး၊ ပင်လုံနယ်မြေ မီးသတ်ဦးစီးမှူး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ပြည်သူ့ဆေးရုံမှ ဒေါက်တာ သက်ပိုင်ဦးနှင့် ပင်လုံမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကျန်းမာရေး ဝန်ထမ်းများ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပင်လုံ)မှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)