January 2024

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မွန်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ အလှူငွေများလှူဒါန်းပွဲအခမ်းအနား တက်ရောက်

မော်လမြိုင်၊ ဇန်နဝါရီ    ၁၁
    နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မွန်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများသို့ အလှူငွေများ လှူဒါန်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၁ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ရွှေမြိုင်သီရိရပ်ကွက်၊ ဓမ္မသုခဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသော ဧည့်ပရိသတ် အပေါင်းတို့က နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်သည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့မှုနှင့် ပြည်တွင်းသင်တန်းများတက်ရောက်ခဲ့မှုအပေါ် အတွေ့အကြုံရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ဇန်နဝါရီလ ၁၀ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့မှုနှင့် သင်တန်းများတက်ရောက်ခဲ့မှုအပေါ် အတွေ့အကြုံရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက် အတွင်းဝန်/ညွှန်ကြားရေးမှူးများ၊ ဝန်ကြီးရုံးနှင့်ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကြပါသည်။ 

standard

(၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့အား ရိုးရာ အစဉ်အလာနှင့်အညီ မနောအက စုပေါင်းဆင်နွှဲ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ ဖွင့်လှစ်ပေး

မြစ်ကြီးနား  ဇန်နဝါရီ  ၉
        ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး မြက်ခင်းပြင်၌ ဌာနေတိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်ခြင်းကို ဖော်ထုတ်ပြသသည့် မနောအကဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

standard

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား “မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ (Quick Impact Projects-QIP)” အကောင်အထည်ဖော်ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး

နေပြည်တော်၊ ဇန်နဝါရီလ ၉ ရက်
    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရတို့အကြား “မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ (Quick Impact Projects-QIP)” အကောင်အထည် ဖော်ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာနှစ်စောင် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

standard

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ကချင်ပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေးခြင်း

မြစ်ကြီးနား  ဇန်နဝါရီလ  ၉ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် တာဝန်ရှိသူများလိုက်ပါလျက် ဇန်နဝါရီလ ၈ ရက် မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ရှိ အမှတ်(၁) နယ်စပ် ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိပြီး သင်တန်း ကျောင်းအုပ် များက သင်တန်းကျောင်းဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

standard